About

Global Metal Industries Ltd ကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီးဗီယက်နမ် နှင့် တရုတ်နိုင်ငံတို့မှ Quality Certificate Quality Award လက်မှတ်များရရှိထားသောကုမ္ပဏီများမှ အရည်အသွေးပြည့် ထုတ်လုပ်ထားသည့် PPGL,PPGI Color Coil,GI Coil နှင့် ဆက်စပ်ပစ္စည်းများကိုတင်သွင်း၍ မြန်မာနိုင်ငံတွင် ခေတ်မှီအရည်အသွေးပြည့် စက်ပစ္စည်းများ ၊ကျွမ်းကျင်ဝန်ထမ်းများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါသည်။

လုံးချင်းအိမ်ရာများ၊Steel Structure အဆောက်အဦများ၊စက်ရုံ၊အလုပ်ရုံစသည့် အဆောက်အဦအမျိုးမျိုးတို့အတွက် အလူဇင့်ရောင်စုံအမိုးပြား ၊ C Channel (Purlin) ၊ Decking Sheet နှင့် အခြားဆက်စပ်ပစ္စည်းများကို “ အရည်အသွေးမြင့် စျေးနှုန်းမှန်ကန်စွာ “ ဖြင့် Customer များစိတ်ကျေနပ်မှုရရှိအောင် အဓိကထားဝန်ဆောင်မှုပေးလျှက်ရှိပြီး တာရှည်ခံနိုင်ရည်ရှိမှုအတွက် ယုံကြည်စိတ်ချစွာရွေးချယ် ၀ယ်ယူနိုင်ပါသည်။ အလူဇင့်ရောင်စုံအမိုးပြားကိုလိုအပ်သောပေအရှည် အထူအရောင် များဖြင့် ရွေးချယ်ဝယ်ယူနိုင်ပြီးအပူဒဏ် ခံနိုင်ရည် ရှိရန်အတွက်လည်း OPP (Heat Insulation) ဖြင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

ဒိုင်း မြှားတန်းအနေဖြင့် အသုံးပြုနိုင်သော C Channel (Purlin) ၊ အထပ်မြင့် အဆောက်အဦးများအတွက် Slab လောင်းရာတွင် လွယ်ကူမြန်ဆန်စွာအသုံးပြုနိုင်သော Decking Sheet အခင်းပြားကိုလည်းလိုအပ်သောပေအရှည် အထူများဖြင့် ရွေးချယ်ဝယ်ယူနိုင်ပြီးရန်ကုန်မြို့ဧရိယာအတွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်သို့အရောက် ပို့ဆောင်ပေးခြင်း၊နယ်မှ ဆက်သွယ်ဝယ်ယူသူများအတွက်လည်း ကားဂိတ်များသို့ ပို့ဆောင်ပေးခြင်းဖြင့် အကောင်းဆုံးဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံဒေသအသီးသီးရှိလူကြီးမင်းတို့၏ကာလာစတီးအမိုးပြား ၊ C Channel ၊ Decking Sheet ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အရည်အသွေးပြည့် ကုန်ကြမ်းပစ္စည်းများဖြစ်သောPPGL,PPGI Color Coil (914 mm ,1219mm) , GI Coil (1219mm) များကိုလည်းစျေးနှုန်းမှန်ကန်စွာဖြင့်ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါသည်။

GMI မှ ထုတ်ကုန်ပစည်းများသည် အရည်အသွေးကောင်းမွန်ခြင်း ၊ ရာသီဥတုဒဏ်ကိုကောင်းစွာခံနိုင်ရည်ရှိခြင်းသံချေးတက်ခြင်းအရောင်ပြယ်လွင့်ခြင်းတို့မှ ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် လူကြီးမင်းတို့၏အဆောက်အဦးအမျိုးမျိုးအတွက် တပ်ဆင်အသုံးပြုရန် အထူးသင့်တော်သော GMI ထုတ်ကုန်များကိုယုံကြည်စွာ ရွေးချယ်ဝယ်ယူလိုက်ပါ